Google Mapping for Taunggyi (မြေပုံအချက်အလက်)

တောင်ကြီးမြို့ Google Map က တခြားမြို့တွေနဲ့ယှဉ်ရင် အသေးစိတ်အချက်အလက်တွေ (ဥပမာ လမ်းနာမည် စတဲ့ဟာလေးတွေ) ထပ်ဖြည့်ဖို့ အများကြီး လိုနေပါသေးတယ်။ တောင်ကြီးမှာနေတဲ့ သူငယ်ချင်းတွေပေါင်းပြီး အများသုံးနိုင်တဲ့ နဲနဲလေးပိုကောင်းတဲ့ မြေပုံအဆင့်ရောက်အောင် ဒေတာလေးတွေ ထပ်ဖြည့်ပေးစေချင်ပါတယ်။

နေရာတွေ လမ်းတွေကို နာမည်ပေးတဲ့အခါ English လိုရော မြန်မာလိုပါ (Burmese Language) နှစ်မျိုးစလုံး ဖြည့်ပေးစေချင်ပါတယ်။ မြန်မာဖောင့်ကတော့ mm3.ttf ယူနီကုဒ်သုံးပေးပါလို့တောင်းဆိုချင်ပါတယ်။ ကိုယ်တိုင်မလုပ်ချင်သူ၊ မလုပ်တတ်သူများလဲ ရပ်ကွက်အုပ်ချုပ်ရေးရုံးကမြေပုံကို ဓါတ်ပုံရိုက်ပေးခြင်း ၊ တင်စေချင်တဲ့ဒေတာကို ဘယ်နေရာ ဘယ်လိုဆိုတာလေး ဂရုထဲမှာ ပြောပြ အကြံပေးခြင်းတွေနဲ့ ကူညီစေလိုပါတယ်။ အားလုံးကို ကျေးဇူးပါ။