KT.Vision Lawngtlai 232864

ကွန်ပျူတာမှာ ဖိုင်တွေ၊ ဆော့ဖ်ဝဲတွေ အသွင်းအထုတ်များလာတာနဲ့အမျှ စက်ရဲ့ အလုပ်လုပ်နိုင်တဲ့စွမ်းရည်တွေလျောကျလာတဲ့ အတွက် စက်အတက်လည်း နှေးလာပါတယ်။ ဒါကြောင့် Windows XP အသုံးပြုသူများအတွက် စက်အမြန်နှုန်းကို မြှင့်တင်ပေးနိုင်တဲ့ TuneXP 1.5 Tool ကို ဒီတစ်ပတ် အိုင်တီ ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။ TuneXP 1.5 Tool ကို အင်တာနက်လိပ်စာ http://www.softpedia.com/get/Tweak/System-Tweak/TuneXP.shtml မှာ လိုင်စင်အခမဲ့ ရယူနိုင်ပါတယ်။ ဒီ Tool ကို Driver Haven ကထုတ်လုပ်တာဖြစ်ပြီး ကွန်ပျူတာရဲ့ Performance တွေကို အလွယ်တကူမြှင့်တင်နိုင်တဲ့အတွက် ကွန်ပျူတာပြုပြင်သူ များအတွက် အားထားနိုင်တဲ့ Tool တစ်ခုလည်းဖြစ်ပါတယ်။ TuneXP Tool မှာ ပါဝင်တဲ့အပိုင်း(၅)ခုရှိပါတယ်။ Memory and File system, Hardware, Internet, Service နဲ့ Miscellaneous တို့ဖြစ်ပါတယ်။ ကွန်ပျူတာစက်အတက်အမြန်နှုန်းကို မြှင့်မယ်ဆိုရင် Memory and file system ထဲက Ultra-fast booting Tweak ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ စက်ပိတ်တာမြန်စေချင်ရင် Faster shutdown ကို Enable လုပ်ပေးရမှာဖြစ် ပါတယ်။ ဒီလိုလုပ်ပေးလိုက်တာနဲ့ ကွန်ပျူတာ အဖွင့်နဲ့ အပိတ်မှာ မြန်လာတာကို တွေ့ရပါလိမ့်မယ်။ နောက်တစ်ခုက Virtual Memory ကအသုံးပြုတဲ့ pagefile တွေကို စက်အပိတ်မှာ ဖျက်ပေးဖို့ Clear pagefile on shutdown ကို Enable လုပ်ပေးလိုက်ပါ။ ဒါဆိုရင် pagefile တွေ Fragment ဖြစ်တာကနေ လျော့ကျ သွားတဲ့အတွက် ကွန်ပျူတာအသုံးပြုရာမှာ ပိုပြီးမြန်လာပါလိမ့်မယ်။ Increase NTFS performance နဲ့ Optimize prefatch ကိုလည်း Enable လုပ်ပေးရပါမယ်။ သတိထားရမယ့်အချက်က အသုံးပြုမယ့် Tweak ကို တစ်ခုပြီးမှ တစ်ခုလုပ်ရမှာဖြစ်ပါတယ်။ တစ်ခုလုပ်ပြီးတိုင်းလည်း စက်ကို Reboot လုပ်ပေးရမှာပါ။ Tweak လုပ်တာ မပြီးမခြင်း စောင့်ရမှာဖြစ်ပြီး၊ မပြီးခင် စက်ကို Shutdown မလုပ်ရပါ။ System ပိုင်းထိသွားနိုင်ပါတယ်။ ယခုဖော်ပြခဲ့သတိထားရမယ့် အပိုင်းတွေကို သေသေချာချာလိုက်နာပြီး လုပ်သွားမယ်ဆိုရင် စက်ရဲ့ စွမ်းရည်တွေ သိသိသာသာ ကောင်းလာမှာဖြစ်တဲ့ အတွက် စမ်းသပ်အသုံးပြုနိုင်ဖို့ ယခုတစ်ပတ်အိုင်တီဗဟုသုတအနေနဲ့ ဖော်ပြ လိုက်ပါတယ်။