Global Uncensored Meme (GUM-9)

(၁) Global Uncensored Meme (GUM-9) Group မှာ ကျေးဇူးပြုပြီး meme ပဲတင်ပေးကြပါ။ (Rage Comic ကိုလည်း meme လို့သဘောထားပါတယ်။ သရော်စာလဲလက်ခံပါတယ်။)

(၂) Admins များက ဘယ် meme ကိုမှလည်း delete လုပ်မှာမဟုတ်သလို ဘယ် comment ကိုမှလည်း delete လုပ်မှာမဟုတ်ပါဘူး။

(၃) Porn တွေနဲ့ Virus link တွေတင်ရင်တော့ အားလုံးဝိုင်း Report ထုကြမှာဖြစ်ပါတယ်။ account lock ကျနိုင်ပါတယ်။

(၄) Wrong Template (WT) တွေ Wrong Usage (WU) တွေ တွေ့ရင် member များက comment box မှတဆင့် ၀င်ရောက်ပြုပြင်ပေးကြမှာ
ဖြစ်လို့ ဆရာလုပ်တယ်လို့ မထင်စေချင်ပါဘူး။ ကိုယ်ကလဲ မှန်တယ်ထင်ရင် ပြန်ငြင်းနိုင်ပါတယ်။ ဆွေးနွေးနိုင်ပါတယ်။

(၅) Celebrity မဟုတ်တဲ့သူတွေရဲ့ Photo တွေကို template အဖြစ်အသုံးပြုမယ်ဆိုရင် ကာယကံရှင်ထံမှာ ခွင့်ပြုချက် တောင်းစေချင်ပါတယ်။
မဟုတ်ရင် Personal Attack (PA) သဘောသက်ရောက်ပါလိမ့်မယ်။ Member တွေက PA ကို လက်ခံမှာမဟုတ်ပါဘူး။

(၆) Color ချောင်း၊ ကြောင်အရှည်ကြီးနဲ့ Original Poster ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် စာအရှည်ကြီးတွေ ဟင်းချက်နည်းတွေကို
ခင်တဲ့သူတွေကို မမန့်ဖို့ အကြံပြုပါရစေ။ အဲ့ဒါတွေက #OP ကို စိတ်အနှောင့်အယှက်ပေးဖို့ သုံးတာပါ။ Meme Group တွေထဲမှာတော့
အဲ့လို မန့်တဲ့သူတွေကို ၀ိုင်း block လေ့ရှိပါတယ်။ အကြောင်းမရှိပဲ မန့်ရင် meme ကောင်းတွေ ကိုယ်မမြင်ရတော့ပဲ ဖြစ်တက်တယ်။

(၇) Meme ကြိုးစားတင်နေတဲ့သူတွေ အများအပြားရှိတာကြောင့် Screenshot နဲ့ အခြား meme မဟုတ်တဲ့ Ss တွေ status တွေ တင်ရင် member များက မတင်ဖို့ ဝင်ရောက်ပြောဆိုပါလိမ့်မယ်။ ဒါကို ပိုစ့်ပိုင်ရှင်က ပြန်မဖျက်ပေးဘူးဆိုလျင် member တွေရဲ့ ဆန္ဒနဲ့ ပိုစ့်ကို က်ရပါလိမ့်မယ်။

(၈) Template တွေကို status တင်ပြီးတောင်းတာထက် meme လုပ်ပြီးတောင်းဖို့ ပြောလိုပါတယ်။
(Post မှာ Attach လုပ်ထားတဲ့ meme လေးကို download လုပ်ထားပါ။ အဲ့ဒီ meme လေးတင်ပြီး Template တောင်းပါ)
ကိုယ်ကြိုက်တဲ့ post တွေရဲ့ အောက် comment box ကနေပြီး တောင်းလဲရပါတယ်။ အကောင်းဆုံးက Meme generator free ကို
ဖုန်းထဲမှာသွင်းထားပါ။ template ၅၀၀ ကျော်နဲ့ နမူနာတွေပါပါတယ်။

(၉) Meme သိချင်ရင် Search Box မှာ #gum9 (or) Memes Education Page လို့ရိုက်ထည့်ပြီးရှာပါ။
meme နမူနာတွေနဲ့ ရှင်းပြထားတာတွေ တွေ့ရပါလိမ့်မယ်။

(၁၀) Meme လုပ်သူအတွက် အရေးကြီးဆုံးက Credit ဖြစ်ပါတယ်။ Meme လုပ်တဲ့သူအတွက် Credit ပေးစရာမလိုပေမယ့်
ကိုသဘောကျတဲ့ meme လေး ပြန်တင်ချင်တယ်ဆိုရင်တော့ [Credit: ဘယ်သူဘယ်သူ] ဆိုပြီး ရေးပေးပါ။
မဟုတ်ရင် memeber များက meme သခိုးလို့ ၀ိုင်းပြောကြပါလိမ့်မယ်။ ဘယ်သူတင်တာလဲမမှတ်မိတော့ရင် [Credit ...] အစက်ကလေးသုံးစက် ဆိုပြီးရေးရင် ရပါပြီ။

(၁၁) UP လို့မန့်ရင် ကြိုက်တယ်ဆိုတဲ့သဘောပါ။ ကိုယ့် Post ကို အပေါ်ရောက်စေချင်လို့ပါ။ (Boost, Vote, ဘွတ် အတူတူပါပဲ)
Epic လို့မန့်ရင် အရမ်းကြိုက်လို့ပါ။
Butthurt (ဖင်နာ) ဆိုတာ ဆဲဆိုရိုင်းစိုင်းပြီး မဆိုင်သူတွေကို ပတ်ရမ်းတဲ့သူပါ။
ဖင်နာ မဟုတ်တဲ့သူကို ဖင်နာလို့စွပ်စွဲရင် စွပ်စွဲတဲ့သူသာ ဖင်နာဖြစ်ပါတယ်။
Meme group တွေထဲမှာတော့ Butthurt ဆိုတာ ၀ံပုလွေအုပ်ကြားရောက်တဲ့ ယုန်သူငယ်လိုပဲလို့မှတ်ပါ။

(၁၂) "ဒီလူ ကျနော်/ကျမ မကြိုက်တာကို troll နေလို့ ဒီလူကိုဘမ်းပေးပါ" ဆိုပြီး အက်မင်တွေကိုမခေါ်ပါနဲ့။ အက်မင်ဟာ ဘာပါဝါမှမရှိသလို ဂိတ်စောင့်(ခုဆို ရာထူးတက်သွားပါပြီ "သန့်ရှင်းရေး ရာထူး" ) အဆင့်ပဲရှိပါတယ်။ ဘယ်သူ့ကိုမှ ဘမ်းမှာမဟုတ်ပါဘူး။

(၁၃) Meme ဆိုတာဘာလဲလို့သိချင်ရင် ကိုကျော်စွာလင်း ရေးထားတဲ့ blog ကို ဒီ link မှာ ဖတ်ကြည့်ပါ။
http://kyawzwarlynn.blogspot.tw/2015/03/blog-post.html