အလကား ပေးမည်

ကိုယ့်မှာ မသုံးဖြစ်တော့လို့ ပိုလျှံနေသည့်ပစ္စည်းများ (ရုပ်ဝထ္ထုပစ္စည်း၊ ညာဏပစ္စည်း၊ hardware & software) ရှိခဲ့ပါလျှင် လိုအပ်နေသောသူရှိပါက လှုဒါန်းနိုင်ရန်အတွက် ဒီဂရုကို ပြုလုပ်ထားတာဖြစ်ပါတယ်။ သာမာန်အားဖြင့်တော့ လှုဒါန်းသောပစ္စည်းကို လက်ခံလိုသူက ပို့ဆောင်စရိတ် ထွေထွေကုန်ကျစရိတ် စသည်များကိုတော့ စိုက်ထုတ်ပေးစေချင်ပါတယ်။ နယ်မြေခြားရင်လဲ လာယူပေးမယ့် လူကြုံ စသည်တို့ကို စီစဉ်ပေးစေချင်ပါတယ်။ အလှုရှင်ကိုယ်တိုင်က အကုန်အကျခံ အိမ်တိုင်ရာရောက်ပေးလှုချင်လျှင်လည်း အဆင်ပြေပါတယ်။
ကိုယ်တကယ် စိတ်ဖြတ်ပြီး လိုအပ်သူကို အလကားပေးပစ်နိုင်မည့်ပစ္စည်းများကိုသာ တင်စေချင်ပါတယ်။ ပစ္စည်းရဲ့ အခြေအနေ သုံးလို့ရတယ် မရဘူး၊ ဘာတွေချွတ်ယွင်းချက်တွေရှိတယ် ဆိုတာလဲ ပွင့်ပွင့်လင်းလင်းပြောစေချင်ပါတယ်။ ပစ္စည်းအကောင်းကြီး ပေးမှရယ်မဟုတ်ပါဘူး။ တခါတလေကျတော့လဲ သုံးလို့မရတဲ့ အပျက်ဖြစ်နေပါစေ.. ပြင်ပြီး သုံးမယ့်သူရှိချင်ရှိမှာပါ။ လုံးဝသုံးမရရင်တောင် ရီဆိုက်ကယ် လုပ်ချင်တဲ့သူလဲ ရှိနိုင်တာပါပဲ။
လက်ခံလိုသူကလဲ အလကားရတိုင်း ယူတာမျိုးမဟုတ်ပဲ ကိုယ့်အတွက်တကယ်လိုအပ်နေတဲ့ ပစ္စည်းဖြစ်လို့ တောင်းဆိုတာပဲ ဖြစ်စေချင်ပါတယ်။ အပြိုင်အဆိုင် လိုချင်သူများရှိလာပါကလဲ ပြေလည်စွာညှိနှိုင်းကြပြီး အမှန်တကယ်လိုအပ်သူ လက်ထဲ ရောက်စေချင်ပါတယ်။
ကိုယ်က သူတပါးပစ္စည်းကို အခမဲ့ရယူဖူးရင်လဲ ကိုယ်တိုင်လဲ ပိုနေသော ပစ္စည်း အလကားပေးနိုင်ဖို့ တိုက်တွန်းလိုပါတယ်။
အလှုဒါန ဘာညာ ကြီးကြီးကျယ်ကျယ်မဟုတ်ပေမယ့် ပိုသူနဲ့ လိုသူ နှစ်ဦးနှစ်ဖက် အားလုံးအဆင်ပြေစေဖို့ အတွက် ပျော်ပျော်ပါးပါးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်ပါတယ်။
အရေးကြီးဆုံးအချက်က ဝေသန္တရာလို ကိုယ်တကယ်မပိုင်တဲ့ မိန်းမတွေ ကလေးတွေပါ အလကားပေးပစ်တာမျိုးတော့ မလုပ်ပါနဲ့။ ကိုယ်တကယ်ပိုင်တဲ့ အရှုပ်အရှင်းကင်းတဲ့ ပစ္စည်းဖြစ်စေချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။