Myanmar Mobile Users Group

မြန်မာ Mobile Users Group သည် မြန်မာ Mobile Application Website(www.myanmarmobileapp.com) သုံးစွဲသူများ၏ မိုဘိုင်းယူဇာ group ဖြစ်သည်။
=======================================

( မြန်မာမိုဘိုင်းယူဇာများ၏မိုဘိုင်းနှင့်နည်းပညာဆိုင်ရာအဖွဲ့အစည်း မှ Member များလိုက်နာရန်)
=======================================

Myanmar Mobile Users Group သို့ Profile ပုံမပါဘဲ Group ၀င်ရောက်လာသူများအား လက်ခံမည်မဟုတ်ပါ။ Profile ပုံမပါ Friend အရေအတွက် ဆယ်ယောက်ပင်မပြည့်သော အကောင့်အသစ်များဖြင့် group ထဲသို့ဝင်ကာ checking လုပ်နေခြင်း ၊ group ထဲတွင်လာ၍ ရန်စကားများ ၊ အဆဲစကားများဖြင့် Post တင်ခြင်း စသည်ဖြင့် group သို့ Mobile ဆိုင်ရာအမေးအဖြေကိစ္စရပ်များအတွက် အမှန်တကယ်လိုလားသောကြောင့် ၀င်ရောက်လာခြင်းမျိုးမဟုတ်သောကြောင့်ဖြစ်ပါသည်။
(၁) အခကြေးငွေ ပေး၍၀ယ်ယူရသော မြန်မာဆော့ဝဲများ Group ထဲတွင် လုံးဝ (လုံးဝ) share ခြင်းမပြုရ။

(၂) အဖွဲ့တွင်ဖြစ်ပေါ်လာသော ပြဿနာတစ်ခုခုအားအကြောင်းပြု၍ မိုက်ရိုင်းစွာဆဲဆိုခြင်းလုံးဝ (လုံးဝ)မပြုရ။

(၃) အဖွဲ့မှမဟုတ်သော တစ်ဦးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာကို ဂုဏ်သိက္ခာထိခိုက်စေရန်ပြုမူပြောဆို လုပ်ဆောင်ခြင်းများကိုလည်း အဖွဲ့မှ ပြင်းထန်စွာကန့်ကွက်သည်။

(၄) MMUG ဂရု သည် MMAS user များ၏ အခက်အခဲများကို ၀ိုင်းဝန်းဖြေရှင်းပေးရန် အတွက် ဖွဲ့စည်းဖြစ်ပေါ်လာသော ဂရုသာဖြစ်သဖြင့် မြန်မာမိုဘိုင်း user များ မေးမြန်းလာသော အခက်အခဲများကို ဖြေရှင်းပေးရာတွင် MMUG,MMAS နှင့် MMAM တို့နှင့် မသက်ဆိုင်သော အခြား မြန်မာမိုဘိုင်းဆိုဒ်များ၏ addressများ လင့်များကို ရှဲခြင်းမပြုရ။

(၅) ဂရုမှ အခက်အခဲများကို ကိုယ်ကျိုးစီးပွားမပါဝင်ဘဲ ပရဟိတစိတ်သက်သက်ဖြင့် ကူညီဆောင်ရွက်ကြပါ။
အထူးသဖြင့် ဂရုကို ခုတုံးလုပ်ပြီး စီးပွားရေးကြော်ငြာများကြော်ငြာခြင်း၊မိမိတို့၏ personal အချက်အလက်များ၊blog များကြော်ငြာခြင်း မပြုရန်မေတ္တာရပ်ခံပါသည်။

(၆) အဖွဲ့ဝင်အချင်းချင်း မောင်နှမစိတ်ဓာတ်ဖြင့် တစ်ဦးအခက်အခဲကို တစ်ဦးကပြေလည်စေရန် ဖြေရှင်းကူညီသွားကြရ
မည်ဖြစ်ပါသည်။

(၇) အရောင်းအဝယ် Group မဟုတ်သဖြင့် အရောင်းအဝယ်ပို့(စ်)များ မတင်ကြရန် မေတ္တာရပ်ခံပါသည်။

*Mobile နဲ့ပတ်သက်တာတွေ မသိတာရှိရင်လည်းမေးကြမယ်။
*ကိုယ်သိထားတာကို မေးထားတာတွေ့ရင်လည်း
ဖြေပေးကြမယ်။
*အချင်းချင်းပညာပြိုင်တာထက်သူများအသိပညာရဖို့အတွက်သာ ကိုယ်သိသမျှကိုပြောပြပေးပါ။
*Mobile နှင့်ဆိုင်သောအချက်အလက်များသာတင်စေချင်ပါသည်။
*MMUG မှပို့စ်များကို ကူးယူဖော်ပြလိုပါက မိမိတို့ကူးယူဖော်ပြသည့်ပို့စ်တွင် Credit to Myanmar Mobile Users Group (http://www.facebook.com/groups/mmua.mobile) ဟူ၍ ပြန်လည်ရည်ညွှန်းပေးရမည်ဖြစ်သည်။
* Member အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်း ၊ မိုက်ရိုင်းစွာပြောဆိုခြင်းများရှိပါက ငုင်း member အား Group မှထုတ်ပယ်သွားမည်ဖြစ်ပါသည်။

***စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက member အဖြစ်မှ Ban သွားမည်ဖြစ်ပါသည်။***


===========================